သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်သည့်သတင်း

15_Pic_02
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ရေမြင်းလေးကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကို (၁၅-၂-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေဌခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန် ဆောင်ရွက် မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝ ဘေးနှင့် စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေး အန္တရာယ် လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့် တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေး ပညာပေး/လက်ကမ်း စာစောင်များထည့်သွင်းထားသော DAN Application အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့ပြင် ကျေးရွာသူ/သားများ၏ လက်ကိုင်ဖုန်းများ၌ DAN Mobile Application အား ထည့်သွင်းပေးခဲ့ပြီး  ကျေးရွာရှိလူစည်ကားသည့် နေရာများ၌  DAN Mobile Application Sticker များထားရှိနိုင်ရေးအတွက် DAN Mobile Application Sticker များအား ရာအိမ်မှူး၊ ဆယ်အိမ်မှူး များထံသို့ ဖြန့်ဝေပေးခဲ့ပါသည်၊၊ ဟောပြောပွဲသို့ ကျေးရွာသူ/သား (၁၄၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events