(၈-၂-၁၀၁၇) ရက်နေ့နှင့် (၁၄-၂-၂၀၁၇) ရက်နေ့တို့တွင် မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များသို့ သွားရောက်ကာ ပြည်သူများအနေဖြင့် သဘာဝဘေးနှင့်စပ်လျဉ်းသည့်ပုံမှန်သတင်းများ၊ အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီသိရှိနိုင်ရန်၊ ဖြစ်ပေါ်လာနိုင်သည့်ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message များ ရရှိနိုင်ရန်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် ပညာပေးလက်ကမ်းစာစောင်များလေ့လာသိရှိဆောင်ရွက်နိုင်စေရန် စသည်တို့ပါဝင်သည့် DAN Mobile Application အသုံးပြုပုံနည်းလမ်းများနှင့် DAN Mobile Application Sticker များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)