နေပြည်တော် ၊ ဖေဖော်ဝါရီ (၁၆)လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား (၁၆-၂-၂၀၁၇) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် ဗြိတိသျှသံရုံး၊ Department for International Development မှ Dr. Ben Powis နှင့်အဖွဲ့က အဆိုပါ ဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ရေးဆွဲထားခဲ့သော အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (NSPAW) အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs) နှင့် ဤဝန်ကြီးဌာန၏ NSPAW စီမံကိန်းနှင့် ချိတ်ဆက်ဆောင်ရွက်သင့်ကြောင်း၊ ဤအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်းအောက်တွင်ပါရှိသောကဏ္ဍများကိုလွှမ်းခြုံသည့် Action Plan (၁)ခု ရေးဆွဲအကောင်အထည်ဖော်ရေးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရေးတို့ကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။