သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

16 Pic 02

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၇) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့နယ်၊ ထွေ/အုပ်ရုံးအစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ရှမ်းပြည်နယ်မှူး (ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန) မှ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောခြင်း၊ ရှမ်းပြည်နယ်မှူး (လူမှုဝန်ထမ်း) မှ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးဟောပြောခြင်နှင့် (MRCS) မှ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ ဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်မှူးများ၊ ရပ်/ကျေး စာရေးများ စုစုပေါင်း တက်ရောက်သူဦးရေ (၁၆၉) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။

Source:            ရှမ်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events