Category Archives: News
-
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေး ဟောပြောပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) တာဝန်ရှိသူများသည် (၁၈-၂-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာ၌ သဘာဝဘေးစီမံခန့်ခွဲမှုအသိပညာပေးဟောပြောခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဘေးအန္တရာယ်ဖြစ်ပွားမှုနှင့် အတူလိုက်လျောညီထွေနေထိုင်ခြင်း၊ အဖြစ်များသောဘေးအန္တရာယ်များ၏ ဆောင်ရန်၊ ရှောင်ရန်များကို ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေခြင်းနှင့် DAN Mobile Application အသုံးပြု ပုံနည်းလမ်းများအား ရှင်းလင်းပြသခြင်းတို့ပြုလုပ်ကျင်းပခဲ့ရာ ကျေးရွာသူ/သား (၁၅၀) ဦးတက် ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ကြီးတံခွန်မြို့နယ်၊ သပန်းကုန်းရပ်ကွက် (၅၄) လမ်းနှင့် (၅၅) လမ်းကြားတွင် (၁၈-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် အိမ်ခြေ (၁၄) လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၁၈) စုမှ လူဦးရေ (၉၉) ဦးမီးဘေးခံစားခဲ့ရပါသည်။ အဆိုပါ မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၁၈) အိမ်ထောင်စုစာ၊ Hygiene Kit (၁၈) စုံ၊ ဆန်ရိက္ခာဖိုးငွေ (၈၉,၁၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀,၀၀၀)ကျပ်နှင့် ရေသန့် … Read more
-
ပြည်သူ့အကျိုးဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်မှုသတင်း
သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး၊ တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည် အရေးကြီးပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်း အခြေခံလူ့အခွင့် အရေး ရရှိရေး ဒီမိုကရေစီစံနှုန်းများနှင့်အညီဖြစ်စေရေး လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသည့် လူမှု အသိုက်အဝန်းတစ်ရပ်ဖြစ်စေရေးအတွက် မူဝါဒများချမှတ်၍ မွေးကင်းစမှ သက်ကြီး ရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ပဲခူးတိုင်းဒေသကြီးတွင်ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ကျောက်တံခါးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများသည် (၁၇-၂-၂၀၁၇) ရက်နေ့တွင် ကလေးဝမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး (၇၈) တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဘေးနှင့် ပတ်သက်သော လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ (စကု) မြို့နယ်၊ ကျောက်စံကျေးရွာအုပ်စု ၊ မန်းကောက်ကျေးရွာတွင်ဖြစ် ပွားသောမီးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ (စကု)မြို့နယ်၊ ကျောက်စံကျေးရွာအုပ်စု၊ မန်းကောက်ကျေးရွာတွင် (၁၈-၂-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားသော မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၁)အိမ်၊ အိမ်ထောင်စု (၁)မှ လူဦးရေ (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ် ၊ ဆန်ရိက္ခာဖိုး (၃၆၀၀) ကျပ်၊ ကျောင်းသား (၁) ဦးအတွက် (၅၀၀၀၀) ကျပ် စုစုပေါင်း (၁၅၃၆၀၀) တိတိအား (၁၈-၂-၂၀၁၇) ရက်နေ့တွင် … Read more
-
လားရှိုးမြို့နယ်၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၂၀)၊ မိုင်းယော်လမ်းတွင်ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း
(၁၈.၂.၂၀၁၇) ရက်တွင် လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည် လားရှိုးမြို့နယ်၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၂၀)၊ မိုင်းယော်လမ်းတွင်ဖြစ်ပွားသော မီးဘေးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀) ၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် လူဦးရေ (၆) ဦးအတွက်ဆန် (၃) ရက်စာထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
နုံးပို့ကျေးရွာတွင် မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း
(၁၇-၂-၂၀၁၇) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှားပင်ကျေးရွာအုပ်စု၊ နုံးပို့ကျေးရွာ၌ မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခန်းအား ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးနှင့်တကွ၊ ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များ၊ NGOs/ INGOs များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျေးရွာသူ/ကျေးရွာသားများနှင့် ကျေးရွာအဆင့် မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ဆောင်ရွက်ခဲ့ရာ အင်အား(၅၂၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။ ကျေးရွာလူထု အကြား သဘာဝဘေးအသိပညာဗဟုသုတရရှိစေရန်၊ မုန်တိုင်းဇာတ်တိုက် လှုပ်ရှား မှုပြုလုပ်ခြင်းဖြင့် သဘာဝဘေးတုံ့ပြန်နိုင်သည့် အားနည်းချက်/ အားသာချက်များကို ကျေးရွာလူထုကိုယ်တိုင် သိရှိစေရန်၊ … Read more
-
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ မိုင်းနားကျေးရွာအုပ်စု၊ မခေါယန်ကျေးရွာတွင်ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း
ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ မိုင်းနားကျေးရွာအုပ်စု၊ မခေါယန်ကျေးရွာတွင် ဖြစ်ပွားသောမီးဘေးသင့် အိမ်ခြေ (၁) လုံး ၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၃) ရက်စာ (၄၅၀ိ/-) နှင့်အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀ိ/-) တို့အား (၁၈-၂-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ သုံးခွရပ်ကွက်တွင် သဘာဝဘေးလျော့ပါးရေး အသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၁၇) ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ သုံးခွရပ်ကွက်တွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၆၀) ဦးခန့်တက်ရောက်ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါ သည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၁၇) ရက်နေ့၊ (၁၂:၀၀) နာရီမှ ((၁၄:၃၀) နာရီအချိန်အထိ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာအုပ်စု၊ အကြီးကရင်စုကျေးရွာ အမှတ် (၈၅)၊အခြေခံပညာမူလတန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခြင်းများကို လုပ်ဆောင်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူ ကျောင်းသား/ကျောင်းသူ (၇၀) ဦး၊ ကျောင်းသားမိဘ (၁၀) ဦးနှင့် ဆရာ/ဆရာမ (၅) ဦး၊ စုစုပေါင်း (၈၅) ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)









