မီးဘေးထောက်ပံ့မှုသတင်း

19 Pic 02

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ကြီးတံခွန်မြို့နယ်၊ သပန်းကုန်းရပ်ကွက် (၅၄) လမ်းနှင့် (၅၅) လမ်းကြားတွင် (၁၈-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် အိမ်ခြေ (၁၄) လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၁၈) စုမှ လူဦးရေ (၉၉) ဦးမီးဘေးခံစားခဲ့ရပါသည်။ အဆိုပါ မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၁၈) အိမ်ထောင်စုစာ၊ Hygiene Kit (၁၈) စုံ၊ ဆန်ရိက္ခာဖိုးငွေ (၈၉,၁၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀,၀၀၀)ကျပ်နှင့် ရေသန့် (၆) လုံးပါ (၁၆) ကဒ်တို့အား (၁၈-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:          မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events