မကွေးတိုင်းဒေသကြီး၊ (စကု) မြို့နယ်၊ ကျောက်စံကျေးရွာအုပ်စု ၊ မန်းကောက်ကျေးရွာတွင်ဖြစ် ပွားသောမီးဘေးအတွက် ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ (စကု)မြို့နယ်၊ ကျောက်စံကျေးရွာအုပ်စု၊ မန်းကောက်ကျေးရွာတွင် (၁၈-၂-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားသော မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၁)အိမ်၊ အိမ်ထောင်စု (၁)မှ  လူဦးရေ (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း   (၉) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ် ၊ ဆန်ရိက္ခာဖိုး (၃၆၀၀) ကျပ်၊ ကျောင်းသား (၁) ဦးအတွက်  (၅၀၀၀၀) ကျပ်  စုစုပေါင်း (၁၅၃၆၀၀) တိတိအား (၁၈-၂-၂၀၁၇) ရက်နေ့တွင်  မီးလောင်ရာနေရာသို့ကွင်းဆင်း ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိရပါသည်။Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events