ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) တာဝန်ရှိသူများသည် (၁၈-၂-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာ၌ သဘာဝဘေးစီမံခန့်ခွဲမှုအသိပညာပေးဟောပြောခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဘေးအန္တရာယ်ဖြစ်ပွားမှုနှင့် အတူလိုက်လျောညီထွေနေထိုင်ခြင်း၊ အဖြစ်များသောဘေးအန္တရာယ်များ၏ ဆောင်ရန်၊ ရှောင်ရန်များကို ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေခြင်းနှင့် DAN Mobile Application အသုံးပြု ပုံနည်းလမ်းများအား ရှင်းလင်းပြသခြင်းတို့ပြုလုပ်ကျင်းပခဲ့ရာ ကျေးရွာသူ/သား (၁၅၀) ဦးတက် ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)