
(၁၇-၂-၂၀၁၇) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှားပင်ကျေးရွာအုပ်စု၊ နုံးပို့ကျေးရွာ၌ မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခန်းအား ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးနှင့်တကွ၊ ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များ၊ NGOs/ INGOs များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျေးရွာသူ/ကျေးရွာသားများနှင့် ကျေးရွာအဆင့် မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ဆောင်ရွက်ခဲ့ရာ အင်အား(၅၂၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။ ကျေးရွာလူထု အကြား သဘာဝဘေးအသိပညာဗဟုသုတရရှိစေရန်၊ မုန်တိုင်းဇာတ်တိုက် လှုပ်ရှား မှုပြုလုပ်ခြင်းဖြင့် သဘာဝဘေးတုံ့ပြန်နိုင်သည့် အားနည်းချက်/ အားသာချက်များကို ကျေးရွာလူထုကိုယ်တိုင် သိရှိစေရန်၊ ရပ်ရွာလူထုနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ သဘာဝဘေး လျော့ပါးရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)