ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ မိုင်းနားကျေးရွာအုပ်စု၊ မခေါယန်ကျေးရွာတွင် ဖြစ်ပွားသောမီးဘေးသင့် အိမ်ခြေ (၁) လုံး ၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၃) ရက်စာ (၄၅၀ိ/-) နှင့်အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀ိ/-) တို့အား (၁၈-၂-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)