Category Archives: News
-
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁၄) ရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၂၆-၂-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁၄) ရပ်ကွက်၊ ပန်းဆက် E ဘလောက် (၁၈) လမ်း၊ လမ်းမကြီး(၄)လမ်း၌ ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာများရရှိ၍ ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သော်လည်း (၂-၃-၂၀၁၇)ရက်နေ့တွင် မီးလောင်ဒဏ်ရာများကြောင့် သေဆုံးခဲ့သည့် ဦးဇော်လေးအတွက် ထောက်ပံ့ငွေ (၁)သိန်းကျပ်တိတိအား (၃-၃-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူတစ်ဦးက သေဆုံးသူ၏ မိသားစုဝင်ထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဧရာ၀တီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ စံပါယ်ရုံကျေးရွာအုပ်စု၊ မရမ်းချောင်ကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၁-၃-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ စံပါယ်ရုံကျေးရွာအုပ်စု၊ မရမ်းချောင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ် (၂) လုံးမီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၂) စုမှ လူဦးရေ (၅) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ (၃) ရက်စာ (၄၅၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၁၀၄၅၀၀) ကျပ်တိတိအား (၃-၃-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာ၀န်ရှိသူများက … Read more
-
လပွတ္တာမြို့နယ်၊ ကန်ဘက်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) (၄-၃-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လပွတ္တာမြို့နယ်၊ ကန်ဘက်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများထံ လက်ကမ်းစာစောင်နှင့်နံရံကပ်ပိုစတာများ ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၁၂၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ရပ်ဒေးကျေးရွာအုပ်စု၊ သစ်ကိုက်(အရှေ့)ကျေးရွာ မီးဘေးအတွက် ထောက်ပံ့ငွေများ လှူဒါန်းမှုသတင်း
(၃-၃-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ရပ်ဒေးကျေးရွာအုပ်စု၊ သစ်ကိုက် (အရှေ့) ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဘုန်းတော်ကြီး ကျောင်း (၁) ကျောင်းမှ သံဃာ (၂) ပါးအတွက် သင်္ကန်းဒွိစုံ (၂) စုံဖိုး (၃၀၀၀၀) ကျပ်နှင့် ကျောင်းဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်၊ ထောက်ပံ့အလှူငွေစုစုပေါင်း (၂၃၀၀၀၀) ကျပ်နှင့် အထူးစောင် (၂) ထည်အား မကွေးတိုင်းဒေသကြီး (ကဆရ) ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၄-၃-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံံ့ပြီးဖြစ်ပါသည်။ Source: … Read more
-
ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက်ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
နေပြည်တော်၊ မတ်လ (၅) ရက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှ မွေးဖွားလာမည့် ကလေးအသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့ရေးအစီအစဉ် ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက်အရ လုပ်ငန်းစဉ် (၈) ရပ် ချမှတ်ထားပါကြောင်း၊ ထိုလုပ်ငန်းစဉ်များအရ ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှ မွေးဖွားလာမည့် ကလေးအသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့ရေးအစီအစဉ်ကို ၂၀၁ရခုနှစ် ဧပြီလ (၁) ရက်နေ့မှ … Read more
-
ပဲခူးတိုင်း(အနောက်ပိုင်း) ပြည်ခရိုင် ရွှေတောင်မြို့နယ် မမဲလေးကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
( ၃-၃-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်း(အနောက်ပိုင်း) ပြည်ခရိုင် ရွှေတောင်မြို့နယ် မမဲလေးကျေးရွာ၌ မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သော အိမ်ခြေ (၂) လုံးမှ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဘိုးငွေ (၉၉၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဘိုး(၁၀၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်းများအား ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက (၄-၃-၂၀၁၇) ရက်နေ့တွင် ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကျိုင်းတုံမြို့၊ အမှတ် ၃ ရပ်ကွက်၊ နောင်ခမ်းတိုက်ရပ် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
(၄-၃-၂၀၁၇) ရက်နေ့၊ ည (၁၉:ဝ၀) နာရီအချိန်တွင် ကျိုင်းတုံမြို့၊ အမှတ် ၃ ရပ်ကွက်၊ နောင်ခမ်းတိုက်ရပ်၌ အိမ်ရှင် ဒေါ်နန်းအို နေအိမ် ဘုရားမီးမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁) အိမ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၈) ဦးမီဘေးသင့်ခဲ့ပြီး (၁) ဦးသေဆုံးခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ တိုက်အိမ်အမျိုးအစားအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂) သိန်း၊ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ … Read more
-
ကချင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးအခြေအနေအရ ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့နေထိုင်သူများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး
၂၀၁၇ ခုႏွစ္၊ မတ်လ ၄ ရက်နေ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများမှတဆင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စုပေါင်းရုံးခန်းမ၌ ယနေ့ကျင်းပပြုလုပ်သော ကယ်ဆယ်ရေးစခန်းတာဝန်ခံများနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူများအနေဖြင့် အခြေခံလူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီရေးနှင့် လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသော လူ့အသိုင်းအဝိုင်းဖြစ်ပေါ်လာစေရေးတို့အတွက် ဝန်ကြီးဌာနအနေဖြင့် ဥပဒေများ၊ နည်းဥပဒေများရေးဆွဲပြင်ဆင်ပြဌာန်းနိုင်ရေးတို့ကို ဆောင်ရွက်နေပါကြောင်း၊ ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာမှုဖြင့် စခန်းများတွင် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ လူမှုဝန်ထမ်းလုပ်ငန်းသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုဖြစ်ပြီး အသိ၊ ကျွမ်းကျင်မှု၊ ကျင့်ဝတ်နှင့် ပြည့်စုံမှုတို့ဖြင့် … Read more
-
ကချင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးအခြေအနေအရ ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့ နေထိုင်သူများအတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှလှူဒါန်းပစ္စည်းများထောက်ပံ့ခြင်း
ကချင်ပြည်နယ်အတွင်းနယ်မြေလုံခြုံရေးအခြေအနေအရ ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့နေထိုင်သူများအတွက် လတ်တေလာစားနပ်ရိက္ခာထောက်ပံ့ခြင်းနှင့် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်စဉ်ကာလအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တတ်ကျွမ်းစေရန်အတွက် လိုအပ်သောအကူအညီများပေးနိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးေဒါက်တာဝင်းမြတ်အေးသည် ကချင်ပြည်နယ် လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်နှင့်အတူ (၃-၃-၂၀၁၆) ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ် တို့တွင်ရှိသောဂျာမိုင်ကောင်းKBC၊ မန်ခိန် KBC၊ နန့်ကွေ့စိန်ယောဟန်၊ လယ်ကုန်းဇီးအုန်၊ လယ်ကုန်းဗက်လင်၊ တပ်ကုန်းစံပြနှစ်ခြင်း၊ မန်ခိန်KBC၊ မိုင်းနားဖွံ့ဖြိုးရေးဇုန်၊ မိုင်းနားစိန့်ဂျိုးဇက်၊ ခတ်ချို၊ သာဂရသရက်တောစခန်းများရှိ နယ်မြေလုံခြုံရေးအခြေအနေအရ ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့နေထိုင်သူများထံသို့ သွားရောက်တွေ့ဆုံအားပေးပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ လှူဒါန်းသော ဆန်၊ ဆီ၊ ဆား၊ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသင်တန်းကျောင်းများကို လေ့လာကြည့်ရှုခြင်းနှင့် ကချင်ပြည်နယ်အတွင်းရှိ နယ်မြေလုံခြုံရေးအခြေအနေကြောင့် ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့ နေထိုင်နေသူများအား နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ အလှူငွေကို လွှဲပြောင်းပေးအပ်မှုသတင်း
ရန်ကုန်၊ မတ်လ (၂) မသန်စွမ်းဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဌာန်းခဲ့ပြီးဖြစ်ရာ မသန်စွမ်းများ၏ အခွင့်အရေးများကို အတတ်နိုင်ဆုံးပြည့်ဝစွာ ခံစားရရှိနိုင်ရေးအတွက် မသန်စွမ်းနည်းဥပဒေများကို ရေးဆွဲပြီးဖြစ်ရာ အတည်ပြု ရန်စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ မသန်စွမ်းသူများသည် အသက်မွေးဝမ်းကြောင်း ပညာရပ်များကို သင်ကြားလေ့လာခွင့်ရရှိပြီး မိမိကိုယ်တိုင်ရပ်တည်နိုင်သည့် အခြေအနေသို့ ရောက်ရှိရန် လေ့ကျင့် သင်ကြားလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း (ရန်ကုန်) သို့ ယနေ့ရောက်ရှိကြရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်ဝင်းက ကျောင်း၏သမိုင်း အကျဉ်းနှင့် လက်ရှိဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ သက်မွေး ပညာသင်ကြားနေမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်လိုသည့် … Read more









