ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁၄) ရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

6_pic01

(၂၆-၂-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁၄) ရပ်ကွက်၊ ပန်းဆက် E ဘလောက် (၁၈) လမ်း၊ လမ်းမကြီး(၄)လမ်း၌ ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာများရရှိ၍ ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သော်လည်း (၂-၃-၂၀၁၇)ရက်နေ့တွင် မီးလောင်ဒဏ်ရာများကြောင့် သေဆုံးခဲ့သည့် ဦးဇော်လေးအတွက် ထောက်ပံ့ငွေ (၁)သိန်းကျပ်တိတိအား (၃-၃-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူတစ်ဦးက သေဆုံးသူ၏ မိသားစုဝင်ထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Source: ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events