ကချင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးအခြေအနေအရ ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့ နေထိုင်သူများအတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှလှူဒါန်းပစ္စည်းများထောက်ပံ့ခြင်း

5_pic01
ကချင်ပြည်နယ်အတွင်းနယ်မြေလုံခြုံရေးအခြေအနေအရ ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့နေထိုင်သူများအတွက် လတ်တ‌ေလာစားနပ်ရိက္ခာထောက်ပံ့ခြင်းနှင့် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်စဉ်ကာလအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တတ်ကျွမ်းစေရန်အတွက် လိုအပ်သောအကူအညီများပေးနိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး‌ေဒါက်တာဝင်းမြတ်အေးသည် ကချင်ပြည်နယ် လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်နှင့်အတူ (၃-၃-၂၀၁၆) ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ် တို့တွင်ရှိသောဂျာမိုင်ကောင်းKBC၊ မန်ခိန် KBC၊ နန့်ကွေ့စိန်ယောဟန်၊ လယ်ကုန်းဇီးအုန်၊ လယ်ကုန်းဗက်လင်၊ တပ်ကုန်းစံပြနှစ်ခြင်း၊ မန်ခိန်KBC၊ မိုင်းနားဖွံ့ဖြိုးရေးဇုန်၊ မိုင်းနားစိန့်ဂျိုးဇက်၊ ခတ်ချို၊ သာဂရသရက်တောစခန်းများရှိ နယ်မြေလုံခြုံရေးအခြေအနေအရ ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့နေထိုင်သူများထံသို့ သွားရောက်တွေ့ဆုံအားပေးပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ လှူဒါန်းသော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးသေတ္တာရိက္ခာများကို ပြည်သူများလက်ဝယ်အရောက် ပေးအပ်ထောက်ပံ့ခဲ့ပါသည်။

ပြည်သူများနှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ယခုထောက်ပံ့သောရိက္ခာပစ္စည်းများသည် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ စခန်းများရှိပြည်သူများအနေဖြင့် သင်ကြားလိုသော အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်နှင့် ဆောင်ရွက်လိုသည့်လုပ်ငန်းများဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ၊ စက်ချုပ်လုပ်ငန်း၊ ယာဉ်မောင်းစက်ပြင်လုပ်ငန်း၊ ပယင်းလုပ်ငန်း၊ အီလက်ထရောနစ်ပြုပြင်ခြင်းလုပ်ငန်း၊ ဆံသလုပ်ငန်းနှင့် နိုင်ငံ့ဝန်ထမ်းလုပ်ကိုင်လိုသော အရည်အချင်းပြည့်မီသူများကို ဝန်ထမ်းအဖြစ်ရွေးချယ်ခန့်အပ်ထားနိုင်ရေးတို့ကို သက်ဆိုင်ရာပြည်နယ်အစိုးရနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့ကြပါသည်။

ခရီးစဉ်အတွင်း မြစ်ကြီးနားမြို့နယ်၊ လယ်ကုန်းရပ်ကွက်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းသို့ ရောက်ရှိပြီး သင်တန်းသားများအတွက် ြပန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျ စီစဉ်ဆောင်ရွက်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ သင်တန်းသားများအတွက် တစ်ဦးချင်းဆန္ဒအရ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ သင်ယူမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး အသေးစိတ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထိုစခန်းများကို လိုအပ်သောနေရာများတွင် စနစ်တကျထူထောင်ဖွင့်လှစ်နိုင်ရေးကို ဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events