ကျိုင်းတုံမြို့၊ အမှတ် ၃ ရပ်ကွက်၊ နောင်ခမ်းတိုက်ရပ် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း

5_pic01 5_pic02

(၄-၃-၂၀၁၇) ရက်နေ့၊ ည (၁၉:ဝ၀) နာရီအချိန်တွင် ကျိုင်းတုံမြို့၊ အမှတ် ၃ ရပ်ကွက်၊ နောင်ခမ်းတိုက်ရပ်၌ အိမ်ရှင် ဒေါ်နန်းအို နေအိမ် ဘုရားမီးမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁) အိမ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၈) ဦးမီဘေးသင့်ခဲ့ပြီး (၁) ဦးသေဆုံးခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ တိုက်အိမ်အမျိုးအစားအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂) သိန်း၊ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇၂၀၀) ကျပ်နှင့် သေဆုံးသူ (၁) ဦးအတွက် နာရေးထောက်ပံ့ငွေ (၁) သိန်းကျပ် စုစုပေါင်းထောက်ပံ့ခဲ့သောကယ်ဆယ်ရေးရန်ပုံငွေ (၃၀၇၂၀၀) ကျပ်တိတိ အား ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက (၅-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events