Category Archives: News
-
မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) ရုံးသစ်ဖွင့်လှစ်မှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှု ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
(၆-၃-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) ရုံးသစ်ဖွင့်လှစ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ ဒေါက်တာသင်းလွင်မှ မိန့်ခွန်းပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး ခရိုင်ဦးစီးမှူးရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပတ်ဖြန်းကာ ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) ၌ “သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုဆင့်ပွားသင်တန်း” ကို ဆက်လက်ဖွင့်လှစ်ခဲ့ရာ သင်တန်းတက်ရောက်သူ (၃၀) ဦးခန့်ရှိပြီး အဆိုပါသင်တန်းအား (၆-၃-၂၀၁၇) မှ (၁၀-၃-၂၀၁၇) ရက်နေ့ထိ (၅) ရက်တာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
(၈ – ၃- ၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တော ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၇ – ၂ – ၂၀၁၇) ရက်နေ့၌ မီးဘေးသင့်ဖြစ်ပွားခဲ့ရာ မောင်တောမြို့နယ်၊ ဖားဝပ်ကျေးရွာရှိ အိမ်ထောင်စု (၂) စုနှင့် ဘုန်းကြီးကျောင်းဆောင် (၁) ဆောင်တို့အတွက် အိမ်ထောင်စု (၂) စု စာ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ မီးဘေးသင့် … Read more
-
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်း လူငယ်နည်းပြသင်တန်းဖွင့်လှစ်ပို့ချခဲ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၆.၃.၂၀၁၇)ရက်နေ့မှ (၈.၃.၂၀၁၇) ရက်နေ့အထိ သရက်ချောင်းမြို့နယ် မြင်းခါးတောင်ဘုန်းကြီးကျောင်း၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်နည်းပြသင်တန်းဖွင့်လှစ်ခဲ့့ပါသည်။ အဆိုပါ သင်တန်းသို့ ဝေါလ်ဗီရှင် စီမံချက်ဝင်ကျေးရွာ (၁၆) ရွာမှ စေတနာ့ဝန်ထမ်းလူငယ် (၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: တနင်္သာရီတိုင်းဦးစီးမှူးရုံး (ကဆရ)
-
ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ မင်းကုန်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် လေပြင်းဘေးကြိုတင်သတိပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
(၈-၃-၂၀၁၇) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ မင်းကုန်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လေပြင်းဘေးကြိုတင်သတိပေးခြင်းဆိုင်ရာဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
မုံရွာမြို့နယ်၊ ညောင်ပင်ရွာသစ်အတွင်း လေဘေးကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း
(၈-၃-၂၀၁၇) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဦးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကရုဏာမြင့်မိုရ်၊ သုခဟိတ၊ ဓမ္မပါလ၊ မာဃမောင်မယ်၊ ရွှေတုံမီးအိမ်ရှင်၊ မေတ္တာရှင်၊ ကရုဏာရှင်နှင့် ဖြူစင်စိတ်ထား စသည့် လူမှုရေးအသင်းများနှင့် ပူးပေါင်းကာ မုံရွာမြို့နယ်၊ ညောင်ပင်ရွာသစ်အတွင်း လေဘေးကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းအား ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်စဉ် ဒေသခံတာဝန်ရှိသူများနှင့် ညောင်ပင်ရွာမှ ဒေသခံများပါ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာ၊ မင်းကြီးရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၈-၃-၂၀၁၇) ရက်နေ့၊ (၀၁း၁၅) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာ၊ မင်းကြီးရပ်ကွက်၌ လောင်ကျွမ်းခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၄) လုံး အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၇) ဦး မီးဘေးသင့်ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် Hygiene Kit (၄) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုး (၁၅၃၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀) ကျပ်တို့အား (၈-၃-၂၀၁၇) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) … Read more
-
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၇-၃-၂၀၁၇) ရက်နေ့၊ နေ့လည် (၁၃း၄၅) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၈) လုံး အိမ်ထောင်စု (၁၇) စုမှ လူဦးရေ (၆၈) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် Hygiene Kit (၁၇) အိမ်ထောင်စာ၊ ရေသန့်ကဒ် ၂၁ ကဒ်၊ ဆန်ရိက္ခာဖိုးငွေ (၆၁၂၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၅၀၀၀၀) ကျပ်တို့အား (၇-၃-၂၀၁၇) ရက်နေ့ (၁ရးဝ၀) နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ နေ့ချင်းသွားရောက်ထောက်ပံ့ခဲ့ကြောင်း … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)တာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာအုပ်စု၊ ရွှေပြည်ရွာ၊ ရွှေပြည်သစ်ရွာ၊မဲတောင်သာစည်အုပ်စု၊သာစည်ရွာနှင့် တောင်ဘွယ်ရွာတို့တွင် (၆-၃-၂၀၁၇) ရက်နေ့၌ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လုံးဝပျက်စီးအိမ် (၁၃) လုံး၊ အမိုးလန် (၁၅) လုံး၊ အိမ်ထောင်စု (၂၈) စုမှ ကျား (၆၂) ဦး၊ မ (၇၈) ဦး၊ စုစုပေါင်း (၁၄၀) ဦးလေဘေးသင့်ခဲ့ပါသည်။ အဆိုပါ လေဘေးသင့်ပြည်သူများအတွက် အိမ်ထောင်စု(၁၃) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု(၁၅) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊အိမ်ဆောက်ပစ္စည်းဖိုးငွေ … Read more
-
လားရှိုးမြို့၊ မန်ဆူဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
(၆-၃-၂၀၁၇) ရက်နေ့တွင် လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လောက်ကိုင်မြို့၌ ဖြစ်ပွားသော စစ်ပွဲကြောင့် လားရှိုးမြို့၊ မန်ဆူဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူ (၁၁၅၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၂,၄၃၃,၉၀၀) ကျပ်၊ ဆီဖိုးထောက်ပံ့ငွေ (၄၆၄,၀၀၀) ကျပ်နှင့် ငါးသေတ္တာဖိုးထောက်ပံ့ငွေ (၂၇၈,၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၇၆၃၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် တိုက်ပွဲရှောင်ပြည်သူများထဲမှ ပြည်သူ (၄၀၀) ဦးအား ကား (၁၀) စီးဖြင့် မန္တလေးသို့ ပို့ဆောင်ပေးခဲ့ပြီး … Read more









