
(၈-၃-၂၀၁၇) ရက်နေ့၊ (၀၁း၁၅) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာ၊ မင်းကြီးရပ်ကွက်၌ လောင်ကျွမ်းခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၄) လုံး အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၇) ဦး မီးဘေးသင့်ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် Hygiene Kit (၄) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုး (၁၅၃၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀) ကျပ်တို့အား (၈-၃-၂၀၁၇) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက နေ့ချင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)