မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

8_pic038_pic028_pic01

(၇-၃-၂၀၁၇) ရက်နေ့၊ နေ့လည် (၁၃း၄၅) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၈) လုံး အိမ်ထောင်စု (၁၇) စုမှ လူဦးရေ (၆၈) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် Hygiene Kit (၁၇) အိမ်ထောင်စာ၊ ရေသန့်ကဒ် ၂၁ ကဒ်၊ ဆန်ရိက္ခာဖိုးငွေ (၆၁၂၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၅၀၀၀၀) ကျပ်တို့အား (၇-၃-၂၀၁၇) ရက်နေ့ (၁ရးဝ၀) နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ နေ့ချင်းသွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events