လေဘေးထောက်ပံ့မှုသတင်း

8 Pic 02 8 Pic 03 8 Pic 04 8 Pic 05ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)တာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာအုပ်စု၊ ရွှေပြည်ရွာ၊ ရွှေပြည်သစ်ရွာ၊မဲတောင်သာစည်အုပ်စု၊သာစည်ရွာနှင့် တောင်ဘွယ်ရွာတို့တွင် (၆-၃-၂၀၁၇) ရက်နေ့၌ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လုံးဝပျက်စီးအိမ် (၁၃) လုံး၊ အမိုးလန် (၁၅) လုံး၊ အိမ်ထောင်စု (၂၈) စုမှ ကျား (၆၂) ဦး၊ မ (၇၈) ဦး၊ စုစုပေါင်း (၁၄၀) ဦးလေဘေးသင့်ခဲ့ပါသည်။ အဆိုပါ လေဘေးသင့်ပြည်သူများအတွက် အိမ်ထောင်စု(၁၃) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု(၁၅) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၅၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာ (၃) ရက်စာဖိုးငွေ (၁၂၆,၀၀၀) ကျပ်တို့အား (၈-၃-၂၀၁၇) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

Source:            မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events