မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) ရုံးသစ်ဖွင့်လှစ်မှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှု ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း

17203589_167152130465949_964309934_n 17195434_167742777073551_426652166_o17203962_167152117132617_1791547336_n17195224_167742857073543_422427502_o17195325_167742840406878_2022770028_o 17203724_167152380465924_2139323854_n 17203866_167152377132591_773759317_n
(၆-၃-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) ရုံးသစ်ဖွင့်လှစ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ ဒေါက်တာသင်းလွင်မှ မိန့်ခွန်းပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး ခရိုင်ဦးစီးမှူးရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပတ်ဖြန်းကာ ဖွင့်လှစ်ခဲ့ပါသည်။

ထို့နောက် မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) ၌ “သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုဆင့်ပွားသင်တန်း” ကို ဆက်လက်ဖွင့်လှစ်ခဲ့ရာ သင်တန်းတက်ရောက်သူ (၃၀) ဦးခန့်ရှိပြီး အဆိုပါသင်တန်းအား (၆-၃-၂၀၁၇) မှ (၁၀-၃-၂၀၁၇) ရက်နေ့ထိ (၅) ရက်တာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events