Category Archives: News
-
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံး Department for International Development မှ Humanitarian Adviser ဖြစ်သူ Mr. Ashley Sarangi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခြင်း
နေပြည်တော်၊ မတ်လ (၁၀) ရက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မွန်းလွဲ (၁၃: ၀၀) နာရီအချိန်တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံး၊ Department for International Development မှ Humanitarian Adviser ဖြစ်သူ Mr. Ashley Sarangiနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ပြန်လည်ထူထောင်နိုင်စွမ်း ထောက်ပံ့မှုအစီအစဉ် (Humanitarian Assistance and Resilience Programme) မှ … Read more
-
ရပ်ရွာအခြေပြု ပြည်သူလူထုပူးပေါင်းပါဝင်သော သဘာဝဘေးလျော့ပါးရေးသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)နှင့် FREDA အဖွဲ့တို့ပူးပေါင်း၍ ရပ်ရွာအခြေပြု ပြည်သူလူထုပူးပေါင်းပါဝင်သော သဘာဝဘေးလျော့ပါးရေးသင်တန်းအား ဘေးဖြစ်နိုင်ခြေများသည့် ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု၊ ဘင်္ဂလားကျေးရွာ၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး အဆိုပါသင်တန်း၌ ကြိုတင်ပြင်ဆင်ကာကွယ်ရေး၊ မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း၊ Table Top Exercise သရုပ်ပြလေ့ကျင့်မှုနှင့် ဆောင်ရန်/ရှောင်ရန်များ၊ လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများလည်းဝေငှပေးခြင်းတို့အားဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ တက်ရောက်သူဦးရေ (၂၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မန္တလေးတိုင်းဒေသကြီး၊မိတ္တီလာခရိုင်ဦးစီးမှူးရုံး(ကဆရ)ရုံးသစ်ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့၌ (၁၀-၃-၂၀၁၇ ) ရက်နေ့ (၀၉း၃၀) အချိန်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး အပါအဝင် ဝန်ထမ်းများနှင့်အတူ အန္တရာယ်ကင်းပရိတ်တရားနာကြားပြီး မိတ္တီလာခရိုင်ဦးစီးမှူးရုံးသစ်အား ဖွင့်လှစ်ပေးခဲ့ပါကြောင်းနှင့်ရုံးလုပ်ငန်းဆိုင်ရာများကို (၁၀-၃-၂၀၁၇) စ၍ဆက်သွယ် ဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း သိရှိရပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာတွင် (၆-၃-၂၀၁၇)ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အဆိုပါမီးဘေးသင့်ပြည်သူများအတွက် အိမ်ထောင်စု(၂)စုစာ ကယ်ဆယ်ရေး ပစ္စည်း (၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀)ကျပ်နှင့် လူဦးရေ(၁၅)ဦးအတွက် (၃)ရက်စာ ဆန်ဖိုးငွေ (၁၃၅၀၀)ကျပ်တို့အား (၈-၃-၂၀၁၇) ရက်နေ့က အမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် (၉-၃-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စံကင်းကျေးရွာအုပ်စု၊ ပက်တန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးလျော့ပါးရေး အသိပညာပေးလက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများဖြန့်ဝေပေးခြင်းနှင့် DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းလမ်းများအား ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် (၉-၃-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ဆင်ထုံးကျေးရွာအုပ်စု၊ ကြိမ်ပင်ဆယ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးလျော့ပါးရေး အသိပညာပေးလက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများဖြန့်ဝေပေးခြင်းနှင့် DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းလမ်းများအား ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၇၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
တပ်ကုန်းမြို့နယ်၊ ကံကြီးအုပ်စု၊ ကံကြီးကျေးရွာ၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
(၈-၃-၂၀၁၇) ရက်နေ့၊ ည (၂၂းဝ၀) နာရီအချိန်ခန့်တွင် တပ်ကုန်းမြို့နယ်၊ ကံကြီးအုပ်စု၊ ကံကြီးကျေးရွာ၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အိမ် (၁) လုံး ပြိုလဲကျကာ၊ အိမ် (၁၂) လုံး အမိုးလန်ခဲ့ပါသည်။ အဆိုပါလေဘေးကြောင့် ဘေးသင့်ခဲ့သည့် ပြိုလဲနေအိမ် (၁) လုံးမှ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာနှင့် အမိုးလန်နေအိမ် (၁၂) လုံးမှ အိမ်ထောင်စု (၁၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး … Read more
-
တပ်ကုန်းမြို့နယ်၊ တဲမြင့်အုပ်စု၊ တဲမြင့်ကျေးရွာ၌ လေဘေးကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
(၉-၃-၂၀၁၇) ရက်နေ့တွင် ပြည်ထောင်နယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်၊ တဲမြင့်အုပ်စု၊ တဲမြင့်ကျေးရွာ၌ လေဘေးကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
ကလေးမြို့နယ်၊ ခုံသာကျေးရွာအုပ်စု၊ (၅၆) မိုင်ကျေးရွာ၌ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးမြို့နယ်၊ ခုံသာကျေးရွာအုပ်စု၊ (၅၆) မိုင်ကျေးရွာ၌ (၄-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀) ကျပ်နှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅,၄၀၀) ကျပ်တို့အား (၇-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ရှမ်းပြည်နယ်မြောက်ပိုင်းမှ မန္တလေး ကျွဲဆည်ကန်ကားဝင်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား သက်ဆိုင်ရာနေရပ်အသီးသီးသို့ ဆက်လက်ပို့ဆောင်ပေးမှုသတင်း
ရှမ်းပြည်နယ်မြောက်ပိုင်းမှ မန္တလေးကျွဲဆည်ကန်ကားဝင်းသို့ (၈-၃-၂၀၁၇) ရက်နေ့တွင် ကား (၁၀) စီးဖြင့် ရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများကို မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပူးပေါင်းလျက် ၄င်းတို့၏သက်ဆိုင်ရာနေရပ်အသီးသီးသို့ ဆက်လက်ပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)









