ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)နှင့် FREDA အဖွဲ့တို့ပူးပေါင်း၍ ရပ်ရွာအခြေပြု ပြည်သူလူထုပူးပေါင်းပါဝင်သော သဘာဝဘေးလျော့ပါးရေးသင်တန်းအား ဘေးဖြစ်နိုင်ခြေများသည့် ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု၊ ဘင်္ဂလားကျေးရွာ၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး အဆိုပါသင်တန်း၌ ကြိုတင်ပြင်ဆင်ကာကွယ်ရေး၊ မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း၊ Table Top Exercise သရုပ်ပြလေ့ကျင့်မှုနှင့် ဆောင်ရန်/ရှောင်ရန်များ၊ လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများလည်းဝေငှပေးခြင်းတို့အားဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ တက်ရောက်သူဦးရေ (၂၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)