(၈-၃-၂၀၁၇) ရက်နေ့၊ ည (၂၂းဝ၀) နာရီအချိန်ခန့်တွင် တပ်ကုန်းမြို့နယ်၊ ကံကြီးအုပ်စု၊ ကံကြီးကျေးရွာ၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အိမ် (၁) လုံး ပြိုလဲကျကာ၊ အိမ် (၁၂) လုံး အမိုးလန်ခဲ့ပါသည်။ အဆိုပါလေဘေးကြောင့် ဘေးသင့်ခဲ့သည့် ပြိုလဲနေအိမ် (၁) လုံးမှ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာနှင့် အမိုးလန်နေအိမ် (၁၂) လုံးမှ အိမ်ထောင်စု (၁၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၅) အိမ်ထောင်စာတို့ကို (၉-၃-၂၀၁၇) ရက်နေ့တွင် နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ်နှင့် ဥတ္တရခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ကနဦးသွားရောက်ထောက်ပံ့ပေးခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)