ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် (၉-၃-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စံကင်းကျေးရွာအုပ်စု၊ ပက်တန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးလျော့ပါးရေး အသိပညာပေးလက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများဖြန့်ဝေပေးခြင်းနှင့် DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းလမ်းများအား ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)