ရှမ်းပြည်နယ်မြောက်ပိုင်းမှ မန္တလေးကျွဲဆည်ကန်ကားဝင်းသို့ (၈-၃-၂၀၁၇) ရက်နေ့တွင် ကား (၁၀) စီးဖြင့် ရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများကို မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပူးပေါင်းလျက် ၄င်းတို့၏သက်ဆိုင်ရာနေရပ်အသီးသီးသို့ ဆက်လက်ပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)