Category Archives: News
-
မီးဘေးထောက်ပံံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ မြိုင်သာယာတိုးချဲ့ (၂) တွင် (၁၉-၃-၂၀၁၇) ရက်နေ့၌ ဝါယာကြိုးအပူလွန်ကဲ၍ အနီးရှိထရံကာသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ အိမ်ထောင်စု (၁) စု မီးလောင်ကျွမ်းခဲ့ပါသည်။ အဆိုပါ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၄,၅၀၀) ကျပ်တို့အား (၂၁-၃-၂၀၁၇) ရက်နေ့တွင် မီးဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၇) ရက်နေ့၊ (၁၅းဝ၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏာန်းကျွန်းမြို့နယ်၊ ဆင်အင်းကြီး ကျေးရွာနေပြည်သူများအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်းအင်အား (၁၃၀) ဦး တက်ရောက်ခဲ့ပါသည်။ ထိုဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများ ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၇) ရက်နေ့၊ (၁၃းဝ၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏာန်းကျွန်းမြို့နယ်၊ ယောချောင်းကျေးရွာနေပြည်သူများအား သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်းအင်အား (၁၅၀) ဦး တက်ရောက်ခဲ့ပါသည်။ ထိုဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများ ဆွေးနွေးခဲ့ပြီး မြန်မာဘာသာနှင့် ရခိုင်ဘာသာ နံရံကပ်စာစောင်များအား ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပလနကျေးရွာ နယ်မြေ-၄တွင် (၅.၁၂.၂၀၁၆) ရက်နေ့ဖြစ်ပွားသော မီးဘေးကြောင့် ဘေးသင့် အိမ်ခြေ(၁)လုံး အိမ်ထောင်စု(၂)စု လူဦးရေ (၉) ဦးတို့အတွက် ကယ်ဆယ် ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စုစာ ဆန်ရိက္ခာဖိုးငွေ (၈၁၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်း ဖိုးငွေ(၁၀၀၀၀၀)ကျပ်တို့ကို (၆.၁၂.၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပ့ံပေးအပ်ခဲ့ကြောင်းသတင်း ရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၂/၂၀၁၇) ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့နယ်အုပ်ချုပ်ရေးမှူးအစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၂/၂၀၁၇) ကို (၂၁-၃-၂၀၁၇) ရက်နေ့မှ (၂၃-၃-၂၀၁၇) ရက်နေ့အထိ သင်တန်းကာလ (၃) ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါ ဟောပြောပွဲတွင် အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဦးစီးမှူး (ကဆရ) မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၈၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး … Read more
-
ခရိုင်/မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီီ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းဖွင့်လှစ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့၊ ဆရာဇော်ဂျီ ရာပြည့်စာကြည့်တိုက်တွင် အက်ရှင်အေ့ဒ်မြန်မာ (ဖျာပုံ)နှင့် ပူးပေါင်း၍ ရာသီအလိုက် ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ်များအား လျင်မြန်စွာတုံံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းကို (၂၀-၃-၂၀၁၇) ရက်နေ့့၌ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ သင်တန်းမှာ (၂၀-၃-၂၀၁၇) မှ (၂၃-၃-၂၀၁၇) ရက်နေ့အထိ (၄) ရက်ကြာမြင့်မည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ်၊ ဘောင်းဒွတ်သားစုရပ်ကွက်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၂) လုံး အမိုးလန်ပျက်စီးခဲ့ပြီး လူဦးရေ (၉) ဦး ဘေးသင့်ခဲ့ပါသည်။ အဆိုပါ အမိုးလန် နေအိမ် (၂) လုံးနှင့် ဘေးသင့်လူဦးရေ (၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (၂) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးငွေ (၃) ရက်စာ (၈,၁၀၀) ကျပ်တို့အား (၂၀-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ သောက်ရေသန့်ဆေးထုပ်များ ထောက်ပံ့မှုသတင်း
(၂၀-၃-၂၀၁၇)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ချောင်းဆုံကြီးကျေးရွာအုပ်စုရှိ ငါးလင်းစေ့ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဦးကျော်ဆွေ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊မြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ယမားရေလှောင်တမံအောက်ဖက်တွင် တည်ရှိသော ငါးလင်းစေ့နှင့် ပေါက်ရင်းကျေးရွာတို့သည် ဆည်အောက်ပိုင်းနှင့်နီးကပ်စွာတည်ရှိခြင်း၊ တမံရေစိမ့်မှုဒဏ်ခံနေရခြင်းတို့ကြောင့် ရေကောင်းရေသန့်မရရှိပဲ ဌက်ဖျားရောဂါ၊ ဝမ်းဖောဝမ်းရောင်ရောဂါများ ဖြစ်ပွားမှုတို့ကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်နေသောကျေးရွာ(၂)ရွာအား ပြောင်းရွှေ့နေရာချထားပေးနိုင်ရေး ဆောင်ရွက်ရန် ရှိပါသဖြင့် ပြောင်းရွှေ့မှုမပြုသေးမီ သောက်သုံးရေများသန့်ရှင်းစင်ကြယ်စေရေးအတွက် ရေသန့်ဆေးထုပ်(၁၀၀၀၀)ထုပ်(ခန့်မှန်းတန်ဖိုး သိန်း(၈၀)ခန့်)အားသောက်ရေသန့်ဆေးပြားအသုံးပြုနည်းများ ရှင်းလင်းပြောကြား၍ သဘာဝဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေဌခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် … Read more
-
ဧရာဝတီတိုင်းဒေသကြီးရုံးစီးမှူးရုံးမှ သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ကြိုတင်သတိပေး (မွမ်းမံ) သင်တန်းအား (၂၀-၃-၂၀၁၇) ရက်နေ့မှ (၂၁-၃-၂၀၁၇) ရက်နေ့ အထိ ငရုတ်ကောင်းမြို့ အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ သင်တန်းဖွင့်ပွဲ၌ ဧရာ၀တီတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ငရုတ်ကောင်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ရှိ တာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်မှုများအကြောင်းကို ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ငရုတ်ကောင်းမြို့ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဝင်များ(၅)ဦး၊ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့၏ စီမံချက်ကျေးရွာများမှ သင်တန်းသား/သူ(၄၀)ဦး၊ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့မှ တာ၀န်ရှိ … Read more
-
သထုံခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးရှိတာဝန်ရှိသူများသည် သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း အမှတ်စဉ် (၅/၂၀၁၇)ကို သင်တန်းသား (၃၂)ဦး ဖြင့် (၂၀-၃-၂၀၁၇)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။









