
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပလနကျေးရွာ နယ်မြေ-၄တွင် (၅.၁၂.၂၀၁၆) ရက်နေ့ဖြစ်ပွားသော မီးဘေးကြောင့် ဘေးသင့် အိမ်ခြေ(၁)လုံး အိမ်ထောင်စု(၂)စု လူဦးရေ (၉) ဦးတို့အတွက် ကယ်ဆယ် ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စုစာ ဆန်ရိက္ခာဖိုးငွေ (၈၁၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်း ဖိုးငွေ(၁၀၀၀၀၀)ကျပ်တို့ကို (၆.၁၂.၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပ့ံပေးအပ်ခဲ့ကြောင်းသတင်း ရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)