ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့နယ်အုပ်ချုပ်ရေးမှူးအစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၂/၂၀၁၇) ကို (၂၁-၃-၂၀၁၇) ရက်နေ့မှ (၂၃-၃-၂၀၁၇) ရက်နေ့အထိ သင်တန်းကာလ (၃) ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါ ဟောပြောပွဲတွင် အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဦးစီးမှူး (ကဆရ) မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၈၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)