Category Archives: News
-
ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ ကျိုင်းတုံခရိုင်တို့တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုင်းလပ်မြို့နယ်၊ ဝမ်းလန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် လူဦးရေ (၁၅၀)ဦးအား (၂၃-၃-၂၀၁၇)ရက်နေ့က လည်းကောင်း၊ တုံတာမြို့နယ်၊ စိန်ဂျိုးဇက်ဘုရားကျောင်းတွင် လူဦးရေ (၁၅၀)ဦးအား (၂၂-၃-၂၀၁၇) ရက်နေ့က လည်းကောင်း၊ တာလေမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လူဦးရေ (၅၀) ဦးအား (၂၂-၃-၂၀၁၇)ရက်နေ့ကလည်းကောင်း၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခြင်း၊ ပညာပေးမှတ်တမ်းဓါတ်ပုံများ၊ ဗွီဒီယိုများပြသခြင်း၊ DAN Mobile Application အသုံးပြုနည်းအား ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များအား ပြုပြင်ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ စစ်ကိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဒုဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်၊ မြတ်သီရိ လူမှုကူညီရေးအသင်း၊ မြတ်ကန်သာ လူမှုကူညီရေးအသင်း၊ သုခစေတနာ လူမှုကူညီရေးအသင်း၊ ဂရုဏာ သွေးအလှူရှင်အသင်း၊ ခင်ဦးလူငယ် ပရဟိတအသင်းနှင့် မြင်းကျကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ သုခဝတီ လူမှုကူညီရေးအသင်းတို့နှင့် ပူးပေါင်း၍ (၂၃-၃-၂၀၁၇) ရက်နေ့၌ မြင်းကျကျေးရွာတွင် လေဘေးကြိုတင်ကာကွယ်ရေးအတွက် ကျေးရွာရှိ နေအိမ်များအား သံ၊ သွပ်၊ သွပ်မှို၊ သွပ်ကြေးနန်း၊ ဝါးတို့ဖြင့် … Read more
-
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်အတွင်း လေပြင်းဒဏ်ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ကတိုးကျေးရွာ၊ တအုံကျေးရွာ၊ ဆောက်အင်းကျေးရွာ၊ ဒေါင့်ကြီးကွေ့ကျေးရွာများအတွင်းရှိ အိမ်ခြေများအား လေပြင်းဒဏ်ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းကြည့်ရှုခြင်း၊ ပြုပြင်ရန်လိုအပ်သည့်အိမ်များအား တောင်တင်းခိုင်မာစေရန်ပြုပြင် ဆောင်ရွက်ပေးခြင်းများကို ချမ်းမြသုခလူမှုကွန်ယက်အသင်း၊ ရပ်ရွာအတွင်းပရဟိတအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်စာစောင်များ၊ လေဘေးကြိုတင် ကာကွယ်ရေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကချင်ပြည်နယ်၊ ဗန်းမော်မြို့အတွင်းရှိ နယ်မြေလုံခြုံရေးအခြေအနေအရ ခေတ္တပြောင်းရွှေ့နေထိုင်ရသော တိုက်ပွဲရှောင်စခန်း (၉) ခုမှ အိမ်ထောင်စု (၁၂၄၃) ၊ လူဦးရေ (၇၀၂၁) ဦးတို့အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သော ဆန်ရိက္ခာ (၇) ရက်စာ၊ ဆန် (၅၁၂) အိတ်၊ ဆား (၆၂၁.၅) ပိဿာ၊ ဆီ (၆၂၁.၅) ပိဿာ၊ ငါးသေတ္တာ (၃၇၂၉) ဗူး၊ ပဲ (၆၂၁.၅) ပိဿာတို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ (၁၉-၃-၂၀၁၇) … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် မီးဘေးထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ရေလဲအောက်စုကျေးရွာတွင် (၂၂-၃-၂၀၁၇) ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သော အိမ်ခြေ (၄)လုံး၊ အိမ်ထောင်စု (၄)စုမှ လူဦးရေ (၁၅)ဦးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ဆန်ရိက္ခာ (၃)ရက်စာ (၁၃၅၀၀)ကျပ်နှင့် အိမ်ခြေ (၄)လုံးစာ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၅၀၀၀၀)ကျပ် စုစုပေါင်း (၃၆၃၅၀၀)ကျပ်အား (၂၃-၃-၂၀၁၇) ရက်နေ့တွင် မီးဘေးသင့်ပြည်သူ့လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၇) ရက်နေ့တွင် လောင်းလုံမြို့နယ်၊ မောင်းမကန်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် ဥပဒေစာအုပ်များဝေငှပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၀၀) ခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လှိုင်းဘွဲမြို့နယ်၊ ကော့လှိုင်းကျေးရွာ၊ မူလတန်းကျောင်း၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၁၇) ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ကော့လှိုင်းကျေးရွာ၊ မူလတန်းကျောင်း၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူ (၁၅၀) ဦးခန့်အား တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်ကလျာဏမိတ္တအသင်းချုပ် မန္တလေး၊ စဉ့်ကူးမြို့ ကလျာဏ ကွန်ယက်အသင်းတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် (၂၃-၃-၂၀၁၇) ရက်နေ့တွင် စဉ့်ကူးမြို့နယ်၊ ကျောင်းဆိပ်ကျေးရွာအုပ်စု၊ ကျောင်းဆိပ်ကျေးရွာ၌ ကျေးရွာ (၁၁) အတွင်းရှိ လူမှုရေးအသင်းများစုပေါင်း၍ လူမှုရေးအသင်းကြီးအဖြစ် ယာနစက္ကအသင်းဖွဲ့စည်းခြင်းအခမ်းအနားတွင် သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ သဘာဝဘေးလက်ကမ်းစာစောင်များဝေငှပေးခြင်း၊ လူမှုအသင်းများဖွဲ့စည်းရာတွင် ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်သင့်သည်များကို (ရပ်ရွာအခြေပြု သဘာဝဘေးစီမံခန့်ခွဲမှု ကိစ္စရပ်များ) ဟောပြောခြင်း၊ ပေါင်းစပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကျေးရွာများအတွင်း လေဘေးကြိုတင်ကာကွယ်ရေးစီမံချက် လုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ကျောက်ဆည်ပရဟိတ ကွန်ယက်အဖွဲတို့ပူးပေါင်း၍ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအနေဖြင့် (၂၁-၃-၂၀၁၇) ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ ကတဲကျေးရွာအုပ်စု၊ ကတဲရွာ၊ ကြက်ဆင်ရွာ၊ ပန်ခွာရွာနှင့် ပနန်ရွာတို့ရှိအိမ်ခြေ (၉၆) လုံးအား ပြုပြင်ပေးခြင်း၊ သဘာဝဘေးအသိပညာများဟောပြောခြင်းနှင့် ကြက်ဆင်ရွာမှ တစ်ဦးတည်းနေ အသက် (၇၃) နှစ်အရွယ်ရှိ အဖွားအိမ်မျက်နှာကြက်အား မိုးသီးကြွေကျခြင်းကြောင့် လူထိခိုက်မှုမှ ကာကွယ်ရန် ထရံမျက်နှာကြက်လုပ်ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ နားခေါ်ကျေးရွာအုပ်စု လွယ်ခေါ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) တာဝန်ရှိသူများမှ DAN Mobile Application အသုံးပြုပုံနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ရာ လူဦးရေ (၁၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)









