ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုင်းလပ်မြို့နယ်၊ ဝမ်းလန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် လူဦးရေ (၁၅၀)ဦးအား (၂၃-၃-၂၀၁၇)ရက်နေ့က လည်းကောင်း၊ တုံတာမြို့နယ်၊ စိန်ဂျိုးဇက်ဘုရားကျောင်းတွင် လူဦးရေ (၁၅၀)ဦးအား (၂၂-၃-၂၀၁၇) ရက်နေ့က လည်းကောင်း၊ တာလေမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လူဦးရေ (၅၀) ဦးအား (၂၂-၃-၂၀၁၇)ရက်နေ့ကလည်းကောင်း၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခြင်း၊ ပညာပေးမှတ်တမ်းဓါတ်ပုံများ၊ ဗွီဒီယိုများပြသခြင်း၊ DAN Mobile Application အသုံးပြုနည်းအား ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။