သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်ကလျာဏမိတ္တအသင်းချုပ် မန္တလေး၊ စဉ့်ကူးမြို့ ကလျာဏ ကွန်ယက်အသင်းတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် (၂၃-၃-၂၀၁၇) ရက်နေ့တွင် စဉ့်ကူးမြို့နယ်၊ ကျောင်းဆိပ်ကျေးရွာအုပ်စု၊ ကျောင်းဆိပ်ကျေးရွာ၌ ကျေးရွာ (၁၁) အတွင်းရှိ လူမှုရေးအသင်းများစုပေါင်း၍ လူမှုရေးအသင်းကြီးအဖြစ် ယာနစက္ကအသင်းဖွဲ့စည်းခြင်းအခမ်းအနားတွင် သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ သဘာဝဘေးလက်ကမ်းစာစောင်များဝေငှပေးခြင်း၊ လူမှုအသင်းများဖွဲ့စည်းရာတွင် ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်သင့်သည်များကို (ရပ်ရွာအခြေပြု သဘာဝဘေးစီမံခန့်ခွဲမှု ကိစ္စရပ်များ) ဟောပြောခြင်း၊ ပေါင်းစပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events