ကချင်ပြည်နယ်၊ ဗန်းမော်မြို့အတွင်းရှိ နယ်မြေလုံခြုံရေးအခြေအနေအရ ခေတ္တပြောင်းရွှေ့နေထိုင်ရသော တိုက်ပွဲရှောင်စခန်း (၉) ခုမှ အိမ်ထောင်စု (၁၂၄၃) ၊ လူဦးရေ (၇၀၂၁) ဦးတို့အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သော ဆန်ရိက္ခာ (၇) ရက်စာ၊ ဆန် (၅၁၂) အိတ်၊ ဆား (၆၂၁.၅) ပိဿာ၊ ဆီ (၆၂၁.၅) ပိဿာ၊ ငါးသေတ္တာ (၃၇၂၉) ဗူး၊ ပဲ (၆၂၁.၅) ပိဿာတို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ (၁၉-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ ဆက်လက်၍ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တို့ရှိ ကျန်ရှိသော ကယ်ဆယ်ရေးစခန်းနှင့် ပူတာအိုမြို့ရှိ ကယ်ဆယ်ရေးစခန်းများကိုလည်း ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)