လေဘေးကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များအား ပြုပြင်ပေးမှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ စစ်ကိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဒုဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်၊ မြတ်သီရိ လူမှုကူညီရေးအသင်း၊ မြတ်ကန်သာ လူမှုကူညီရေးအသင်း၊ သုခစေတနာ လူမှုကူညီရေးအသင်း၊ ဂရုဏာ သွေးအလှူရှင်အသင်း၊ ခင်ဦးလူငယ် ပရဟိတအသင်းနှင့် မြင်းကျကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ သုခဝတီ လူမှုကူညီရေးအသင်းတို့နှင့် ပူးပေါင်း၍ (၂၃-၃-၂၀၁၇) ရက်နေ့၌ မြင်းကျကျေးရွာတွင် လေဘေးကြိုတင်ကာကွယ်ရေးအတွက် ကျေးရွာရှိ နေအိမ်များအား သံ၊ သွပ်၊ သွပ်မှို၊ သွပ်ကြေးနန်း၊ ဝါးတို့ဖြင့် ပြုပြင်ရန်လိုအပ်သော အိမ်များကို စတင်ပြုပြင်ဆောင်ရွက်နေပါကြောင်း သတင်းရရှိပါသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events