Category Archives: News
-
ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ် ကနဦးစီမံချက် မိတ်ဆက်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၁၇) ရက်နေ့တွင် UN Volunteers အဖွဲ့တို့နှင့် ပူးပေါင်း၍ ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ် ကနဦးစီမံချက် (DRRYV Pilot Project-Off Event) မိတ်ဆက်ပွဲ အခမ်းအနားအား မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သင်တန်းသား (၅၀) ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်လင်းထွဋ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ သထုံခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နှင့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ … Read more
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်များနှင့် ဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၁၇) ရက်နေ့တွင် ဘားအံမြို့နယ်၊ လှာကာကျေးရွာ၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ ပန်ကြားချက်များအား ကျေးရွာပြည်သူလူထုများထံသို့ ဖြန့်ဝေပေးခြင်း၊ မုန်တိုင်းဘေး၊ ရေဘေး၊ မိုးကြိုးဘေးအန္တရာယ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူလူထု စုစုပေါင်း (၈၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သဲပြားကုန်းကျေးရွာအုပ်စု၊ ဘဲပြားကုန်းနှင့် စာစီကုန်းကျေးရွာများတွင် (၅-၄-၂၀၁၇)ရက်နေ့က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၂)လုံးပျက်စီးခဲ့ပြီး အိမ်ခြေ(၅)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကာ ပြည်သူ (၂၅)ဦးလေဘေးသင့်ခဲ့ပါသည်။ အဆိုပါလေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ လေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး ပျက်စီးအိမ်ခြေ (၂)လုံးမှ အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးသော အိမ်ခြေ (၅)လုံးမှ အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး၊ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေကူမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့်ပြိုကျ၊ ပျက်စီးသွားသော အိမ်ထောင်စု(၂)အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးစီနှင့် အမိုးလန်သွားသောအိမ်ထောင်စု (၁၂၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီ တို့အား (၅-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့၊ မင်းကုန်းအုပ်စု မီးလောင် ကုန်းကျေးရွာနေပြည်သူများအား သောက်သုံးရေ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၁၇) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့၊ မင်းကုန်းအုပ်စု မီးလောင်ကုန်း ကျေးရွာရှိ ပြည်သူများအတွက် သောက်သုံးရေ ဂါလံ (၉၀၀) အား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ မဟာသာကျေးရွာအုပ်စု၊ မဟာသာအရှေ့ကျေးရွာ၌ (၅-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် သွပ်မိုးထရံကာ နေအိမ် (၁) လုံးပျက်စီးခဲ့ပြီး လူ (၁) ဦး သေဆုံးခဲ့ပါသည်။ အဆိုပါ မီးဘေးသင့် အိမ်နှင့် သေဆုံးသူအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာနှင့် ထောက်ပံ့ငွေ (၄၀၀,၀၀၀) ကျပ်တို့အား ဘေးဖြစ်ပွားရာနေရာ၌ သေဆုံးသူနှင့် သက်ဆိုင်သည့် ဆွေမျိုးများရှေ့မှောက်တွင် ရပ်ရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး … Read more
-
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအုပ်စုအတွင်းရှိ မိုဆိုကျေးရွာ၊ ဌီးဒီးကူကျေးရွာနှင့် ဒိုးခရော့ခူကျေးရွာများသို့ သောက်သုံးရေများ သွားရောက်ဖြန့်ဝေမှုသတင်း
(၆-၄-၂၀၁၇) ရက်နေ့တွင် ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် နွေရာသီကာလ၌ သောက်သုံးရေရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအုပ်စုအတွင်းရှိ မိုဆိုကျေးရွာ၊ ထီးဒီးကူကျေးရွာနှင့် ဒိုးခရော့ခူကျေးရွာများသို့ စုစုပေါင်းရေသယ်ယာဉ် (၃) စီး (ရေသယ်ယာဉ်တစ်စီးလျှင် (၁၁၀၀) ဂါလံဆန့်) ဖြင့် သောက်သုံးရေများ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး စင်ကာပူနိုင်ငံ Global Institute of Social Work မှ Professor Dr. Tan Ngoh Tiong အား လက်ခံတွေ့ဆုံမှုသတင်း
နေပြည်တော်၊ ဧပြီလ ၆ ရက် မြန်မာနိုင်ငံတွင် လူမှုရေးပညာသင်တန်းကျောင်း ထူထောင်နိုင်ရေး ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းများ ဆောင်ရွက်ရန် လိုအပ်သည့်သင်တန်းများ လာရောက်ပို့ချနိုင်ရေး၊ နှစ်ဖက်ပူးပေါင်းပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေး၊ လူမှုကျွမ်းဝင်ရင်းနှီးပေါင်းစပ်မှု (Social Cohesion) နှင့် လူမှုရေးဘာသာရပ် အထူးပြုသင်တန်းများ လာရောက်ပို့ချနိုင်ရေးအတွက် (၆-၄-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် စင်ကာပူနိုင်ငံ၊ Global Institute of Social Work မှ Professor … Read more
-
ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ဝက်ကုန်းကျေးရွာအုပ်စု၊ လဲခုံလေးကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
(၅-၄-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ဝက်ကုန်းကျေးရွာအုပ်စု၊ လဲခုံလေးကျေးရွာ၌ ဖြစ်ခဲ့ပွားသော လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၂) လုံးမှာ လုံးဝပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ခြေ (၈) လုံးမှာ တစ်စိတ်ပိုင်းပျက်စီးခဲ့ကာ ပြည်သူ (၄၀) ဦး လေဘေးသင့်ခဲ့ပါသည်။ အဆိုပါလေဘေးသင့်ခဲ့သည့်ကျေးရွာသို့ (၆-၄-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး လူမူရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဟင်္သာတခရိုင်ဦးစီးမှူးတို့သည် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့ပြီး လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။ ယင်းနောက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လုံးဝပျက်စီးဆုံးရှုံးခဲ့ … Read more
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်များအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ခြေ (၁၄၉) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၀၅) အိမ်ထောင်စာ လိုအပ်သော သွပ်အချပ်ရေ (၄၃၅) ချပ်အား သွပ်ချပ် (၁) ချပ်လျှင် (၂,၄၀၀) နှုန်းဖြင့် (၁,၀၄၄,၀၀၀) ကျပ်နှင့် နေအိမ် (၈၉) လုံးအတွက် (၁၀,၀၀၀) နှုန်းဖြင့် (၈၉၀,၀၀၀) ကျပ် … Read more









