ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ခြေ (၁၄၉) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၀၅) အိမ်ထောင်စာ လိုအပ်သော သွပ်အချပ်ရေ (၄၃၅) ချပ်အား သွပ်ချပ် (၁) ချပ်လျှင် (၂,၄၀၀) နှုန်းဖြင့် (၁,၀၄၄,၀၀၀) ကျပ်နှင့် နေအိမ် (၈၉) လုံးအတွက် (၁၀,၀၀၀) နှုန်းဖြင့် (၈၉၀,၀၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁,၉၃၄,၀၀၀) ကျပ်တို့အား (၆-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)