ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၁၇) ရက်နေ့တွင် UN Volunteers အဖွဲ့တို့နှင့် ပူးပေါင်း၍ ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ် ကနဦးစီမံချက် (DRRYV Pilot Project-Off Event) မိတ်ဆက်ပွဲ အခမ်းအနားအား မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သင်တန်းသား (၅၀) ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်လင်းထွဋ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ သထုံခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နှင့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) တာဝန်ရှိသူတစ်ဦးမှ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ထောက်ပံ့မှု နှုန်းထားသစ်များအကြောင်း ရှင်းလင်းပြောကြားခြင်းနှင့် DAN Mobile Application Software အား မိုဘိုင်းဖုန်းထဲသို့ ထည့်သွင်းပေးခြင်းများကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)