မီးဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ မဟာသာကျေးရွာအုပ်စု၊ မဟာသာအရှေ့ကျေးရွာ၌ (၅-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် သွပ်မိုးထရံကာ နေအိမ် (၁) လုံးပျက်စီးခဲ့ပြီး လူ (၁) ဦး သေဆုံးခဲ့ပါသည်။ အဆိုပါ မီးဘေးသင့် အိမ်နှင့် သေဆုံးသူအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာနှင့် ထောက်ပံ့ငွေ (၄၀၀,၀၀၀) ကျပ်တို့အား ဘေးဖြစ်ပွားရာနေရာ၌ သေဆုံးသူနှင့် သက်ဆိုင်သည့် ဆွေမျိုးများရှေ့မှောက်တွင် ရပ်ရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events