ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သဲပြားကုန်းကျေးရွာအုပ်စု၊ ဘဲပြားကုန်းနှင့် စာစီကုန်းကျေးရွာများတွင် (၅-၄-၂၀၁၇)ရက်နေ့က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၂)လုံးပျက်စီးခဲ့ပြီး အိမ်ခြေ(၅)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကာ ပြည်သူ (၂၅)ဦးလေဘေးသင့်ခဲ့ပါသည်။ အဆိုပါလေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ လေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး ပျက်စီးအိမ်ခြေ (၂)လုံးမှ အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးသော အိမ်ခြေ (၅)လုံးမှ အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး၊ လေဘေးသင့်ပြည်သူ (၂၅)ဦးအတွက် ဆန် (၃)ရက်စာ ရန်ပုံငွေ (၅၂၅၀၀)ကျပ်တို့ကို  ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events