Category Archives: News
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်တွင် (၉-၄-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးတွင် မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု (၁) စုစာ၊ ဆန်ရိက္ခာ (၇) ရက်စာ (၈၄၀၀ိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)ကျပ်ကိုထောက်ပံ့ပေးခဲ့ပြီး ဧရာရပ်ကွက်တွင် (၁၀-၄-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးတွင် မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ … Read more
-
မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းစီမံချက်ရေးဆွဲရေးအထောက်အကူပြု လုပ်ငန်းအဖွဲ့ တတိယအကြိမ် အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ကုလသမ္မဂ ဖွံ့ဖြိုးမှုအစီမစဉ် (UNDP) အဖွဲ့အစည်းနှင့် သက်ဆိုင်ရာအစိုးရဌာနများ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်လျော့ပါးရေးစီမံချက် (MAPDRR) အား ပိုမိုကောင်းမွန်ပြည့်စုံသော စီမံချက်ဖြစ်လာစေရန် အသစ်ရေးဆွဲနိုင်ရေးအတွက် အဖွဲ့အစည်းပေါင်းစုံပါဝင်သည့် တတိယအကြိမ်မြောက် လုပ်ငန်းအဖွဲ့အစည်းအဝေး (3rd Task Force Meeting) ကို (၁၁-၄-၂၀၁၇) ရက်နေ့၌ နေပြည်တော်(Grand Amara) ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်၊ ပင်လုံမြို့ပေါ်ရပ်ကွက် (၃) ခုမှ ရပ်ကွက်နေ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော ပင်လုံမြို့ပေါ်ရပ်ကွက် (၃) ခုမှ ရပ်ကွက်နေ ပြည်သူများအတွက် သောက်သုံးရေများဖြန့်ဝေပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ရပ်ကွက်များ အတွင်းရှိ ရေကန် (၉) ခုမှတစ်ဆင့် ရေဂါလံပေါင်း (၅၄၀၀) ခန့်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ပြည်သူသို ့ပန်ကြားချက် ဗီနိုင်းကို ဒီးမော့ဆိုမြို့ ၌ အများပြည်သူသိရှိစေရန် ချိတ်ဆွဲဆောင်ရွက်ထားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး ဝန်ထမ်းများသည်(၁၀.၄.၂၀၁၇)ရက်နေ့တွင် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရန် ပြည်သူသို ့ပန်ကြားချက် ဗီနိုင်းကို ဒီးမော့ဆိုမြို့၊မြို့မစျေးလမ်းထောင့် တွင်လည််းကောင်း၊ဖရူဆိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးမျက်နှာစာတွင်လည်းကောင်း၊ဘောလခဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးကြေညာသင်ပုန်းတွင်လည်းကောင်း အများပြည်သူသိရှိစေရန် ချိတ်ဆွဲ ထားကြောင်းသိရှိရပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဟိုပုံးမြို့နယ်၊ နောင်တောင်းပရဟိတဘုန်းတော်ကြီးကျောင်းအတွင်းရှိ အမျိုးသမီးဆောင် (၅) ဆောင် မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့် အမျိုးသမီးဆောင် (၅) ဆောင်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်အား (၁၀-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၁၇) ရက်နေ့တွင်လေးမျက်နှာမြို့နယ်၊ ဝက်ကုန်းအုပ်စု၊ လဲခုံလေးကျေးရွာ၌ ဖြစ်ပွားသောလေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပြိုလဲ ၀ါးအိမ် (၂) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၈) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ စုစုပေါင်း(၁၀၀၀၀၀၀ိ/-)ကျပ်/ (ဆယ်သိန်းကျပ်)တိတိကို လေးမျက်နှာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၀-၄-၂၀၁၇)ရက်နေ့တွင် လေဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မီးဘေးဖြစ်ပွားခဲ့သော လယ်ဝေးမြို့နယ် မြွေရိုးစု အုပ်စုရှိ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းသို့ ထောက်ပံ့ပေးမှုသတင်း
ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ) မှ တာဝန်ရှိသူများသည် (၇-၄-၂၀၁၇) ရက်နေ့၌ လယ်ဝေးမြို့နယ် မြွေရိုးစုအုပ်စု အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းတွင် မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့်ဘုန်းတော်ကြီး ကျောင်းအား သင်္ကန်း (၄) စုံနှင့် ရန်ပုံငွေ (၃၀၀,၀၀၀/-) ကျပ်တို့ကို (၁၀-၄-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ဆက်ကပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ထန်းငယ်တောကျေးရွာအုပ်စု၊ ဥက္ကံကျေးရွာရှိပြည်သူများအတွက် သောက်သုံးရေထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၇) ရက်နေ့တွင် သောက်သုံးရေရှားပါးသော ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ထန်းငယ်တောကျေးရွာအုပ်စု၊ ဥက္ကံကျေးရွာမှ အိမ်ထောင်စု (၂၁၀)၊ အိမ်ခြေ (၁၉၀)၊ လူဦးရေ (၈၇၀) ဦးအတွက် သောက်သုံးရေ ဂါလံ (၄၈၀၀) အား ဆရာတော်ဦးသောဘန (ပခုက္ကူမြို့အာယုသုခရေ ကုသိုလ်တော်ယာဉ်)၊ Eleven Media Group ရေအလှူတော်ကား၊ အနာဂတ်အလင်းရောင်လူမှုကူညီရေးအသင်း၊ ပုညမုဒိတာ လူမှုကူညီရေးအသင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်၍ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၇) ရက်နေ့၊ နံနက် (၀၃:၀၀) နာရီအချိန်တွင် မိုင်းခတ်မြို့နယ်၊ ဖာလံကော်ကျေးရွာအုပ်စု၊ ဝမ်လုံးကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ထောင်စု (၆) စုမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ ကျား (၁၆) ဦး၊ မ (၁၇) ဦး၊ စုစုပေါင်း (၃၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၆၉,၃၀၀) … Read more
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ပြည်သူသို့ပြန်ကြားချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၄-၂၀၁၇) ရက်နေ့တွင် ဟဲဟိုးမြို့မစျေး၌ လေပြင်းဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ပြည်သူသို့ပြန်ကြားချက်လက်ကမ်းစာစောင်များကို ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)









