ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၇) ရက်နေ့တွင် သောက်သုံးရေရှားပါးသော ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ထန်းငယ်တောကျေးရွာအုပ်စု၊ ဥက္ကံကျေးရွာမှ အိမ်ထောင်စု (၂၁၀)၊ အိမ်ခြေ (၁၉၀)၊ လူဦးရေ (၈၇၀) ဦးအတွက် သောက်သုံးရေ ဂါလံ (၄၈၀၀) အား ဆရာတော်ဦးသောဘန (ပခုက္ကူမြို့အာယုသုခရေ ကုသိုလ်တော်ယာဉ်)၊ Eleven Media Group ရေအလှူတော်ကား၊ အနာဂတ်အလင်းရောင်လူမှုကူညီရေးအသင်း၊ ပုညမုဒိတာ လူမှုကူညီရေးအသင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်၍ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)