မီးဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၇) ရက်နေ့၊ နံနက် (၀၃:၀၀) နာရီအချိန်တွင် မိုင်းခတ်မြို့နယ်၊ ဖာလံကော်ကျေးရွာအုပ်စု၊ ဝမ်လုံးကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ထောင်စု (၆) စုမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ ကျား (၁၆) ဦး၊ မ (၁၇) ဦး၊ စုစုပေါင်း (၃၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၆၉,၃၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁,၂၆၉,၃၀၀) ကျပ်တို့အား (၁၀-၄-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events