လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော ပင်လုံမြို့ပေါ်ရပ်ကွက် (၃) ခုမှ ရပ်ကွက်နေ ပြည်သူများအတွက် သောက်သုံးရေများဖြန့်ဝေပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ရပ်ကွက်များ အတွင်းရှိ ရေကန် (၉) ခုမှတစ်ဆင့် ရေဂါလံပေါင်း (၅၄၀၀) ခန့်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါ သည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)