ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၁၇) ရက်နေ့တွင်လေးမျက်နှာမြို့နယ်၊ ဝက်ကုန်းအုပ်စု၊ လဲခုံလေးကျေးရွာ၌ ဖြစ်ပွားသောလေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပြိုလဲ ၀ါးအိမ် (၂) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၈) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ စုစုပေါင်း(၁၀၀၀၀၀၀ိ/-)ကျပ်/ (ဆယ်သိန်းကျပ်)တိတိကို လေးမျက်နှာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၀-၄-၂၀၁၇)ရက်နေ့တွင် လေဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)