မီးဘေးထောက်ပံ့မှုသတင်း

11 PIC 01 mknကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်တွင် (၉-၄-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးတွင် မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု (၁) စုစာ၊ ဆန်ရိက္ခာ (၇) ရက်စာ (၈၄၀၀ိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)ကျပ်ကိုထောက်ပံ့ပေးခဲ့ပြီး ဧရာရပ်ကွက်တွင် (၁၀-၄-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးတွင် မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု (၁) စုစာ၊ ဆန်ရိက္ခာ (၇) ရက်စာ (၁၂၆၀၀ိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀ိ/-)ကျပ်တို့အား (၁၁-၄-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events