မီးဘေးဖြစ်ပွားခဲ့သော လယ်ဝေးမြို့နယ် မြွေရိုးစု အုပ်စုရှိ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းသို့ ထောက်ပံ့ပေးမှုသတင်း

ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ) မှ တာဝန်ရှိသူများသည် (၇-၄-၂၀၁၇) ရက်နေ့၌ လယ်ဝေးမြို့နယ် မြွေရိုးစုအုပ်စု အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းတွင် မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့်ဘုန်းတော်ကြီး ကျောင်းအား သင်္ကန်း (၄) စုံနှင့် ရန်ပုံငွေ (၃၀၀,၀၀၀/-) ကျပ်တို့ကို (၁၀-၄-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ဆက်ကပ်ခဲ့ကြောင်း သိရှိရပါသည်။

 

Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events