Category Archives: News
-
ဘေးထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ် (၁၃) ရပ်ကွက်တွင် (၂၂-၄-၂၀၁၇) ရက်နေ့ ညနေပိုင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ထောင်စု (၁) စု၊ ဘေးသင့်လူဦးရေ (၅) ဦးအား အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀ိ/) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၀၅၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးတို့အားလည်းကောင်း၊ အဆိုပါလေပြင်းတိုက်ခတ်မှု ကြောင့် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ် (၈) ရပ်ကွက်နေသူသည် သစ်ကိုင်းပိမိသေဆုံးမှုကြောင့် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀၀ိ/) ကျပ်အားလည်းကောင်း၊ (၁၂-၄-၂၀၁၇) ရက်နေ့ ကမ္မမြို့၊ အမှတ် (၃) … Read more
-
ကယားပြည်နယ်၊ ဒေါခရော့ကျေးရွာ၊ ထီးတော်တနီးကူးကျေးရွာနှင့် မိုဆိုကျေးရွာရှိပြည်သူများအတွက် ရေသန့်ဆေးထုပ်များနှင့် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နွေရာသီသောက်သုံးရေ ရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ ဒေါခရော့ကျေးရွာသို့ (၁၁၀၀) ဂါလံဆန့်ရေသယ်ယာဉ် (၁) စီး၊ မိုဆိုကျေးရွာသို့ (၁၁၀၀) ဂါလံဆန့် ရေသယ်ယာဉ် (၁) စီး၊ ထီးတော်တနီးကူးကျေးရွာသို့ (၁၁၀၀) ဂါလံဆန့်ရေသယ်ယာဉ် (၁) စီး စုစုပေါင်း ရေသယ်ယာဉ် (၃) စီးနှင့် ရေသန့်ဆေးထုပ်များကို (၂၂-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ပြည်သူသို့ ပန်ကြားလွှာစာစောင်များဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်းသည့် ပြည်သူသို့ပန်ကြားချက် ဗီနိုင်းဆိုင်းဘုတ်စိုက်ထူဆောင်ရွက်ခြင်းကို (၂၂-၄-၂၀၁၇) ရက်နေ့တွင် မင်းလှမြို့ မြို့အဝင် လမ်းဆုံတွင် စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကသာမြို့နယ်၊ ပျဉ်ထောင်ကြီးကျေးရွာ၊ ပျဉ်ထောင်လေးကျေးရွာနှင့် အလယ်ကျွန်းကျေးရွာ၊ သံတောင်ကျေးရွာများရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ကသာခရိိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ ပျဉ်ထောင်ကြီးကျေးရွာတွင် (၃-၄-၂၀၁၇) နေ့ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှု ကြောင့် လေဘေးသင့် အိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၆၀၀၀)၊ ပျဉ်ထောင်လေးကျေးရွာ လေဘေးသင့် အိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ( ၉၆၀၀၀)၊ အလယ်ကျွန်းကျေးရွာ လေဘေးသင့် အိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၈၀၀၀)၊ သံတောင်ကျေးရွာ လေဘေးသင့် အိမ် (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ( ၁၀၀၀၀၀ ) … Read more
-
ကချင်ပြည်နယ်၊ တနိုင်းမြို့၊ တိန်ကောက်၊ မိုင်းခွန်နှင့် မကောကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ တနိုင်းမြို့၊ တိန်ကောက်၊ မိုင်းခွန်နှင့် မကောကျေးရွာတို့တွင် (၉-၄-၂၀၁၇) ရက်နေ့ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်အိမ်ခြေ (၃၉) လုံး၊ အိမ်ထောင်စု (၃၉) စု၊ လူဦးရေ (၁၆၄) ဦးတို့ အတွက် ကယ်ဆယ်ရေးကူညီထောက်ပံ့မှုအခမ်းအနားအား (၂၃-၄-၂၀၁၇) ရက်နေ့ (၀၉းဝ၀) နာရီအချိန်တွင် တနိုင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးစီးမှူး ဒေါ်စန္ဒာလှိုင်က ထောက်ပံ့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား ခဲ့ပါသည်။ ၄င်းနောက် ဘေးသင့်ပြည်သူများအတွက် … Read more
-
နွေရာသီကာလအတွင်း ရေရှားပါးပြတ်လပ်နိုင်မှုအား ကြိုတင်ပြင်ဆင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၇ ခုနှစ် နွေရာသီကာလအတွင်း ရေရှားပါးပြတ်လပ်နိုင်မှုအား ကြိုတင်ပြင်ဆင်ရန်အတွက်ဆောင်ရွက်ရမည့် မော်လိုက်မြို့၊ ရွှေပြည်သာ၊ အောင်ဇေယျာ၊ အောင်ရတနာရပ်ကွက်များအား (၂၂-၄-၂၀၁၇) နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်ထွေ/အုပ် ရပ်မိရပ်ဖများနှင့်အတူ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးတုံ့ပြန်ရန်အစဥ်အမြဲဖြစ်စေရေး ပြည်သူနှင့်အတူ ဆွေးနွေးဆောင်ရွက်မှုသတင်း
၂၂-၄-၂၀၁၇၊ ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးကိုတုံ့ပြန်ရန်စဥ်အမြဲအသင့်ဖြစ်နေစေရေးနှင့်လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပြည်သူတို့၏ လိုအပ်ချက်ဖော်ထုတ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဧရာဝတီတိုင်းဒေသကြီးသို့ရောက်ရှိနေ သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ််ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပုိင်းတွင် မြောင်းမြခရိုင်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရုံးသို့ရောက်ရှိပြီး ကယ်ဆယ်ရေးပစ္စည်းများ အသင့်သိုလှောင်ထားရှိမှုကိုကြည့်ရှုကာ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် မြောင်းမြမြို့နယ်၊ ဘူဒင်းကွင်း ရေကျော်ကျေးရွာအုပ်စု၊ ကျောက်ကမ်းပါးကျေးရွာတွင် ပြည်သူများ သောက်သုံးရေအခက်အခဲဖြစ်နေသဖြင့် သောက်သုံးရေသိုလှောင်ရန် မြေသားရေကန် တူးဖော်နိုင်ရေး ထောက်ပံ့ငွေ ကျပ် (၃၂) သိန်းကုိ ပေးအပ်ခဲ့ပါသည်။ ထို့နောက် … Read more
-
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း မိုးကြိုးဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၂၁-၄-၂၀၁၇) ရက်နေ့ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာအုပ်စ၊ု ရွှေပြည်ရွာတွင် မိုးကြိုးဘေးကြောင့် သေဆုံးသူ (၂) ဦးအတွက် မြောက်ဦးခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူမှ ထောက်ပံ့ငွေကျပ် (၆)သိန်းအား နှစ်ဘက်မိသားစုထံ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း လေဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၂၁့၄့၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအုပ်စု လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးအိမ် (၅)အိမ်၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၈) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း၄မျိုး အိမ်ထောင်စု (၅) စုစာနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် (၁)သိန်း၊ အိမ် (၅) အိမ်အတွက် တစ်အိမ်(၅)သောင်းနှုန်းဖြင့် (၂)သိန်း (၅)သောင်း တို့အား (၂၂့၄့၂၀၁၇) ရက်နေ့တွင် သွားရောက်ထောင်ပ့ံခဲ့ပြီး၊ လေပြင်းဘေးကြိုတင် ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ ပန်ကြားချက် လက်ကမ်းစာစောင်များအား မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများနှင့် ပူးပေါင်းကာ … Read more
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် (၃-၄-၂၀၁၇)ရက်နေ့ကဖြစ်ပွားခဲ့သော လေဘေးကြောင့် တုတ်ကြီးကျေးရွာရှိ ပြိုကျပျက်စီးအိမ်(၁)အတွက် ကယ်ဆယ်ရေးပစ္စည်း( ၉ )မျိုး၊ တစ်အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀) သံပုရာကုန်းကျေးရွာ အမိုးလန်ပျက်စီးအိမ်( ၃ )အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၂၀၀၀)၊ ရေနီကျေးရွာ အိမ်ထောင်စု (၃)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၂၀၀၀) တို့ကို (၂၂-၄-၂၀၁၇) နေ့ ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ထွေ/အုပ်နှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။









