ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း လေဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

Kyaukme_22_4_2017

(၂၁့၄့၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအုပ်စု လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးအိမ် (၅)အိမ်၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၈) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း၄မျိုး အိမ်ထောင်စု (၅) စုစာနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် (၁)သိန်း၊ အိမ် (၅) အိမ်အတွက် တစ်အိမ်(၅)သောင်းနှုန်းဖြင့် (၂)သိန်း (၅)သောင်း တို့အား (၂၂့၄့၂၀၁၇) ရက်နေ့တွင် သွားရောက်ထောင်ပ့ံခဲ့ပြီး၊ လေပြင်းဘေးကြိုတင် ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ ပန်ကြားချက် လက်ကမ်းစာစောင်များအား မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများနှင့် ပူးပေါင်းကာ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events