ဘေးထောက်ပံ့မှုသတင်း

23_Pic_02 23_Pic_03

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ် (၁၃) ရပ်ကွက်တွင် (၂၂-၄-၂၀၁၇) ရက်နေ့ ညနေပိုင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ထောင်စု (၁) စု၊ ဘေးသင့်လူဦးရေ (၅) ဦးအား အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀ိ/) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၀၅၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးတို့အားလည်းကောင်း၊ အဆိုပါလေပြင်းတိုက်ခတ်မှု ကြောင့် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ် (၈) ရပ်ကွက်နေသူသည် သစ်ကိုင်းပိမိသေဆုံးမှုကြောင့် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀၀ိ/) ကျပ်အားလည်းကောင်း၊ (၁၂-၄-၂၀၁၇) ရက်နေ့ ကမ္မမြို့၊ အမှတ် (၃) ရပ်ကွက်တွင် မီးလောင်ကျွမ်းမှုအား ဝိုင်းဝန်းငြိမ်းသတ်ရာမှ ထိခိုက်ဒဏ်ရာရရှိခဲ့သူအား ဆေးရုံတက်ထောက်ပံ့ငွေ (၅၀၀၀၀) ကျပ်အားလည်းကောင်း ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အတူ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events