Category Archives: News
-
ဂန့်ဂေါမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများနှင့် ဘုန်းတော်ကြီးကျောင်းများအား ထောက်ပံ့မှုသတင်း
(၂၂-၄-၂၀၁၇) ရက်နေ့ (၁၆:၁၅) နာရီအချိန်၌ ဂန့်ဂေါမြို့နယ်အတွင်း၌ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ရပ်ကွက်/ကျေးရွာအုပ်စု (၁၃) စုမှ လူနေအိမ် (၂၄၀) လုံး အမိုးလန်ပျက်စီးခဲ့ပြီး ဘုန်းတော်ကြီးကျောင်း (၅) ကျောင်း အမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါ လေဘေးသင့်အိမ်များနှင့် ဘုန်းကြီးကျောင်းများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (၂၄၀) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) အိမ်လျှင် (၅၀,၀၀၀) နှုန်းဖြင့် (၁၂၀) သိန်း၊ လူဦးရေ (၁,၀၆၉) ဦးအတွက် ဆန်ရိက္ခာဖိုး … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ခဲ့သော တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်၊ အနောက်မြို့ပတ်လမ်းရှိ သန္တိသုခ ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်အား (၂၄-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ပြည်နယ်၊ မြောက်ဦးမြိုနယ်တွင် လေပြင်းဘေးလက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၁၇) ရက်နေ့က မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာနှင့် ဘုရားများကျေးရွာအုပ်စု၊ ဘုရားများကျေးရွာတွင် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောခြင်း၊ လေပြင်းဘေးအတွက် ပြည်သူများသို့ ပန်ကြားလွှာ လက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးသင့်ပြည်သူများအားထောက်ပ့ံမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၄-၂၀၁၇)ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးသွားသော ဓနိမိုး ထရံကာ ၀ါးခင်း လူနေအိမ် (၃) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး ဓနိမိုး ထရံကာ ၀ါးခင်းလူနေအိမ် (၁) လုံးနှင့် သွပ်မိုး ပျဉ်ခင်း ထရံကာ လူနေအိမ် (၄) လုံး၊ အိမ်ထောင်စု (၈) စုမှ လူဦးရေ (၃၀) ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၆၃၀၀၀ိ/-)ကျပ်နှင့်အိမ်ဆောက်ပစ္စည်းဖိုး (၈၀၀၀၀၀ိ/-)ကျပ်တို့အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးတုံ့ပြန်မှုအဆင်သင့်ဖြစ်ရေး ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်သူနှင့် ညှိနှိုင်းဆွေးနွေးခြင်း
၁။ သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေး ရင်ဆိုင်တုံ့ပြန်ရန် အဆင်သင့်ဖြစ်ရေး ဧရာဝတီတိုင်းဒေသကြီးတွင် ရပ်ကွက်/ကျေးရွာများ၌ ပြည်သူများနှင့် ထိတွေ့ဆောင်ရွက်လျက်ရှိသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၊ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၂၃-၄-၂၀၁၇)ရက်နေ့ နံနက်ပိုင်း၌ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နှင့် ဖျာပုံမြို့နယ်၊ ကျုံကန်ကျေးရွာတို့တွင် ရပ်ကွက်ကျေးရွာရှိ ပြည်သူလူထုနှင့် တွေ့ဆုံရာတွင် ပညာရှင်များ၏လေ့လာဆန်းစစ်ချက် များအရ ကမ္ဘာ့နိုင်ငံ (၁၇၁) နိုင်ငံတွင် သဘာဝ ဘေးဖြစ်ပွားမှု၌ မြန်မာနိုင်ငံသည် ဖြစ်ပွားအများဆုံးအလိုက် အဆင့်(၄၂)တွင်ရှိပြီး သဘာဝ ဘေးရင်ဆိုင်တုံ့ပြန်ရန် … Read more
-
မြစ်ကြီနား၊ ဝိုင်းမော်၊ ဗန်းမော်နှင့် ပူတာအိုမြို့တို့ရှိ IDPs စခန်းများအား ထောက်ပံ့ပေးမှုသတင်း
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှထောက်ပံ့သောငွေဖြင့် ထောက်ပံ့ရန် ကျန်ရှိသည့် မြစ်ကြီးနား မြို့နယ်အတွင်းရှိ IDPs စခန်း(၁၇) ခု နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ စခန်း(၁၀) ခုအား ကချင်ပြည်နယ်ဉ်ီးစီးမှူးမှ (၁၉/၂၀ /၂၁ /၂၂-၄-၂၀၁၇) ရက်နေ့များတွင် သွားရောက်ထောက်ပံ့ခဲ့ပါသည်။ (၂၄-၄-၂၀၁၇) ရက်နေ့တွင် ပူတာအိုမြို့ရှိ IDPs စခန်း(၂) ခုသို့ ထောက်ပံ့မည့်ပစ္စည်းများအား မော်တော်ယာဉ်ဖြင့် ပို့ဆောင်ကာ မြစ်ကြီနား၊ ဝိုင်းမော်၊ ဗန်းမော်နှင့် ပူတာအိုမြို့တို့ရှိ IDPs စခန်းများရှိ အိမ်ထောင်စု (၄၁၅၀) စု လူဦးရေ (၂၀၈၈၁) ဦးတို့အတွက် ဆန် … Read more
-
ရခိုင်ပြည်နယ်၊ မြောက်ဦးမြိုနယ်တွင် မိုးကြိုးထိမှန်သေဆုံးသူများအတွက် ထောက်ပံ့မှုသတင်း
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၊ ဘုရားများကျေးရွာအုပ်စုတွင် (၂၂-၄-၂၀၁၇)ရက်နေ့က အမျိုးသမီး (၂)ဦး မိုးကြိုးထိမှန်၍ သေဆုံးခဲ့ပါသည်။ အဆိုပါ မိုးကြိုးထိမှန်သေဆုံးသူများ၏ မိသားစုဝင်များအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သေဆုံးထောက်ပံ့ငွေ (၆၀၀၀၀၀)ကျပ်အား (၂၄-၄-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ဖွင့်လှစ်မှုသတင်း
(၂၄-၄-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးဖွင့်လှစ်ခြင်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ရုံးဖွင့်ပွဲသို့ ကော့ကရိတ်မြို့၊ မဟာဗောဓိရာမကျောင်းဆရာတော်ကြီးနှင့်အတူ ပင့်သံဃာ (၃) ပါးတို့အား ပင့်ဖိတ်ပြီး ကန်တော့ပွဲ ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် ပရိတ်တရားနာယူကာ ဆွမ်းခဲဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်းတို့ပြုလုပ်ခဲ့ပါသည်။ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ဖွင့်ပွဲသို့ ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူး ဦးလင်းထွဋ်နှင့် ကော့ကရိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ခိုင်တို့နှင့်အတူ ခရိုင်ဌာနဆိုင်ရာများနှင့် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ IOM ရုံး၌ မုတ်သုံအကြိုဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပြုလုပ်မှုသတင်း
(၂၄-၄-၂၀၁၇) ရက်နေ့၊ မွန်းလွဲ (၁) နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ IOM ရုံး၌ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် UN၊ INGO အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မုတ်သုံအကြိုဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ရာ IOM၊ OCHA၊ NRC၊ ACF၊ UNV၊ ACTED နှင့် WFP အဖွဲ့အစည်းများမှ လူဦးရေ (၁၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ပြည်သူသို့ပန်ကြားလွှာဗီနိုင်းများ စိုက်ထူပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၄-၂၀၁၇) ရက်နေ့တွင် မြောက်ဦးမြို့၊ နန်းတော်ရာကုန်း၊ ကားဂိတ်လမ်းဆုံတွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ပြည်သူများသို့ပန်ကြားလွှာဗီနိုင်းပိုစတာများ စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)









