(၂၂-၄-၂၀၁၇) ရက်နေ့ (၁၆:၁၅) နာရီအချိန်၌ ဂန့်ဂေါမြို့နယ်အတွင်း၌ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ရပ်ကွက်/ကျေးရွာအုပ်စု (၁၃) စုမှ လူနေအိမ် (၂၄၀) လုံး အမိုးလန်ပျက်စီးခဲ့ပြီး ဘုန်းတော်ကြီးကျောင်း (၅) ကျောင်း အမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါ လေဘေးသင့်အိမ်များနှင့် ဘုန်းကြီးကျောင်းများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (၂၄၀) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) အိမ်လျှင် (၅၀,၀၀၀) နှုန်းဖြင့် (၁၂၀) သိန်း၊ လူဦးရေ (၁,၀၆၉) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၂,၂၄၄,၉၀၀) ကျပ်နှင့် ဘုန်းတော်ကြီးကျောင်း (၅) ကျောင်းအတွက် ထောက်ပံ့ငွေ (၅၀၀,၀၀၀) ကျပ်တို့အား (၂၄-၄-၂၀၁၇) ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ စံပယ်ဘုန်းတော်ကြီးကျောင်းတွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)