(၂၄-၄-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးဖွင့်လှစ်ခြင်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ရုံးဖွင့်ပွဲသို့ ကော့ကရိတ်မြို့၊ မဟာဗောဓိရာမကျောင်းဆရာတော်ကြီးနှင့်အတူ ပင့်သံဃာ (၃) ပါးတို့အား ပင့်ဖိတ်ပြီး ကန်တော့ပွဲ ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် ပရိတ်တရားနာယူကာ ဆွမ်းခဲဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်းတို့ပြုလုပ်ခဲ့ပါသည်။ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ဖွင့်ပွဲသို့ ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူး ဦးလင်းထွဋ်နှင့် ကော့ကရိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ခိုင်တို့နှင့်အတူ ခရိုင်ဌာနဆိုင်ရာများနှင့် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)